စာရေးသူ

အားလုံးမြင်နိုင်ရန်
Anne Cetas

အဲန်းစီထက်စ်

အဲန်းစီထက်စ် (Anne Cetas)သည် လူငယ်ဘဝ၌ သခင်ခရစ်တော်နောက်လိုက်ဖြစ် ခဲ့သည်။ သူငယ်ချင်းတစ်ဦးက သမ္မာကျမ်းစာ အမြဲဖတ်ဖို့ရန် သူမကို Our Daily Bread စာအုပ်တစ်အုပ် ပေးခဲ့သည်။ ခေါင်းစဥ်အလိုက် လေ့လာနိုင်သည့် Discovery Series စာအုပ်များကိုလည်း ဖတ်ရှုလေ့လာခဲ့သည်။ နှစ်အတန်ကြာပြီးနောက် စာစစ်သူတစ်ဦးအနေနှင့် Our Daily Bread ၏ အယ်ဒီတာအဖွဲ့တွင် ပါဝင်ဆက်ကပ်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှစ၍ Our Daily Bread အတွက် စာမူများရေးသားခဲ့သည်သာမက စီမံ/အယ်ဒီတာ အဖြစ်လည်း ဆက်လက်တာဝန်ယူလျက်ရှိသည်။ ဆရာမနှင့်ခင်ပွန်း ဆရာ ခါးလ် (Carl) တို့သည့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းကို နှစ်သက်ပြီး မူကြိုကျောင်းများနှင့် ခိုလှုံရာမဲ့သူများကယ်ဆယ်ရေး သာသနာလုပ်ငန်းတစ်ခုတွင် အစေခံ နေကြပါသည်။

စာမူ/ အကြောင်းအရာ များ အဲန်းစီထက်စ်

ဘယ်အရာက ပိုကောင်းနိုင်သလဲ

Eric (အဲရစ်) သည် အသက်နှစ်ဆယ်ကျော်အရွယ်တွင် သူ့ကိုချစ်သော သခင်ယေရှု၏ မေတ္တာအကြောင်းကို ကြားခဲ့ရပြီး အသင်းတော်သို့ စတင်တက်ရောက်ခဲ့သည်။ သူဘုရားကျောင်း တက်ရောက်စဉ် ခရစ်တော်ကို တိုး၍ သိကျွမ်းလာစေရန် ကူညီပေးသူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ မကြာမီမှာပင် အဲရစ်၏ လက်ဦးဆရာက ဘုရားကျောင်းရှိ ယောကျ်ားလေးအဖွဲ့ငယ်ကို သင်ကြားပေးရန် သူ့အား တာဝန်ပေးခဲ့သည်။ နှစ်ကာလများတစ်လျှောက်တွင် အန္တရာယ်စက်ကွင်း၌ ကျရောက်နေသော လူငယ်များကို ကူညီရန်၊ သက်ကြီးရွယ်အိုများထံ သွားရောက်လည်ပတ်ရန်၊ အိမ်နီးချင်းများအား ဧည့်ဝတ်ပြုရန်အတွက် ဘုရားသခင်သည် အဲရစ်၏ နှလုံးသားကို ဆွဲငင်ခေါ်ဆောင်ခဲ့သည်။ ယခု သူအသက်ငါးဆယ်နှောင်းပိုင်းတွင် အဲရစ်က အစေခံရန် စောစီးစွာ သွန်သင်ခံရသည့်အတွက် ကျေးဇူးတင်ကြောင်း၊ “ယေရှု၌ ရှိတဲ့မျှော်လင့်ချက်ကို ဝေမျှဖို့ ကျွန်တော့်နှလုံးထဲမှာ ပြည့်လျှံနေတယ်။ သူ့ကိုအစေခံခြင်းထက် ဘယ်အရာက ပိုကောင်းနိုင်မှာလဲ” ဟုရှင်းပြသည်။

တိမောသေ၏အမေနှင့်အဖွားက သူ၏ယုံကြည်ခြင်းကို လွှမ်းမိုးထားခဲ့စဥ်က သူသည် ကလေးအရွယ်သာ ရှိသေးသည်…

လမ်းခရီးပေါ်ရှိ လွတ်လပ်မှု

မျက်မမြင် ဘေ့စ်ဘောအားကစားတွင် မျက်မမြင်ကစားသမားများသည် အသံမြည်နေသည့် ဘေ့စ်ဘောဘောလုံး (သို့) တဝီဝီမြည်နေသည့် အခြေစိုက်နေရာ၏အသံကို နားထောင်၍ ဘာလုပ်ရမည်၊ ဘယ်သွားရမည်ကို သိသည်။ မျက်စိမမြင်သည့်အတိုင်းအတာ မတူမှုကို ညှိရန် မျက်စိစည်းထားသည့် ဘောလုံးရိုက်သူနှင့် မျက်စိမြင်ရသော ဘောလုံးပစ်သူတို့သည် တစ်သင်းတည်းမှ ဖြစ်သည်။ ရိုက်သူက ဘတ်တံကိုလွှဲရိုက်၍ ဘောလုံးမှန်ပါက သူသည် အခြေစိုက်နေရာသို့ ပြေးသည်။ ရိုက်သူက အခြေစိုက်နေရာသို့မရောက်မီ ဘောလုံးဖမ်းသူက ဘောလုံးမြည်သံကို လက်ခုပ်ဖြင့်အုပ်၍ ပိတ်လိုက်နိုင်ပါက ရိုက်သူသည် ပွဲမှ ထွက်ရသည်။ သို့မဟုတ်ပါက ရိုက်သူ အမှတ်ရသည်။ ကစားသမားတစ်ဦးက “ပြေးတဲ့အခါ ခံစားရတဲ့ လွတ်လပ်မှုကြီး”ကို သဘောအကျဆုံး ဟု မှတ်ချက်ပြုသည်။ တိကျသောလမ်းကြောင်းနှင့် ဦးတည်ရာကို သူသိသောကြောင့်ဖြစ်သည်။

ဟေရှာယအနာဂတ္တိကျမ်း၌ “ဖြောင့်မတ်တော်မူသော” ဘုရားသခင်သည် “ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင်တော်မူ၏” (၂၆:၇)ဟု ဖော်ပြပါသည်။ ဤကျမ်းပိုဒ်ကိုရေးစဉ်က ဣသရေလလူမျိုးတို့၏လမ်းခရီးသည် ‌ချောမွေ့သည့်ပုံပေါ်…

ချီးမြှောက်ခြင်းခံထိုက်သူကား မည်သူနည်း

ခရုပတ်လှေကားမှသည် ကျယ်ဝန်းသောအိပ်ခန်း၊ သစ်မာကြမ်းပြင်မှသည် နူးညံ့သောကော်ဇောခင်းထားခြင်း၊ ကျယ်ဝန်းသောအဝတ်လျှော်ခန်းမှသည် ကောင်းမွန်သောရုံးခန်းထိ၊ အိမ်ခြံမြေအကျိုးဆောင်သည် အလားအလာကောင်းသော အိမ်တစ်လုံးကို ငယ်ရွယ်သည့်ဇနီးမောင်နှံအား ပြသခဲ့သည်။ အခန်းတစ်ခုသို့ရောက်တိုင်း သူတို့က “မင်း ငါတို့အတွက် အကောင်းဆုံးနေရာကို ရွေးပေးတာပဲ။ ဒီအိမ်က အံ့မခမ်းပဲ” ဟု အားပါးတရချီးမွမ်းလိုက်ရာ၊ အိမ်ခြံမြေအကျိုးဆောင်က “ခင်ဗျားတို့ရဲ့ချီးမွမ်းစကားကို အိမ်ဆောက်သူကို ‌ပြောလိုက်ပါ့မယ်။ အိမ်ကို ဆောက်တဲ့သူသာလျှင် ချီးမွမ်းခံထိုက်ပါတယ်၊ အိမ်နဲ့ အိမ်ကိုပြတဲ့သူက အချီးအမွမ်းခံထိုက်တာ မဟုတ်ပါဘူး” ဟုတုံ့ပြန်ခဲ့သဖြင့် တစ်မျိုးကြီးဟု သူတို့တွေးမိသော်လည်း ၎င်းသည် မှန်ပါသည်။

အိမ်ခြံမြေအကျိုးဆောင်၏စကားများက “အိမ်ကို ဆောက်သောသူသည် အိမ်ထက်သာ၍ကြီးသော အသရေရှိ”၏ (ဟေဗြဲ ၃:၃) ဟူသော ဟေဗြဲဩဝါဒစာ ရေးသူ၏စကားကို ထင်ဟပ်စေသည်။ ကျမ်းရေးသူသည် ဘုရားသခင်၏ သားတော်ယေရှုနှင့် ပရောဖက်မောရှေတို့၏ သစ္စာတရားကို နှိုင်းယှဉ်ထားသည် (:၁-၆)။ မောရှေသည် ဘုရားသခင်နှင့်မျက်နှာချင်းဆိုင် စကားပြောရန်နှင့် ဘုရား၏ပုံသဏ္ဌာန်တော်ကို မြင်တွေ့ရန်…

အတွင်းစိတ် ဝေဒနာကုစားရန်အတွက် ရှာဖွေခြင်း

Carson (ကာရ်စန်)သည် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ စက်ဘီးစီးခြင်းနှင့် စကိတ်စီးခြင်းဖြင့် အမြဲတမ်းအလုပ်များနေသူ ဖြစ်သည်။ သူသည် အပြင်၌ လုပ်ဆောင်ရသည့်အမှု အရာမှန်သမျှကို ကြိုက်နှစ်သက်သည်။ သို့သော် ဆိုင်ကယ်တိုက်မှုကြောင့် ရင်ဘတ်မှစ၍ အောက်ပိုင်းသေသွားခဲ့သည်။ မကြာခင်မှာပင် စိတ်ဓာတ်ကျလာပြီး သူ၏အနာဂတ်ကို မမြင်နိုင်တော့ပေ။ သို့နှင့် တစ်နေ့တွင် သူ၏အမဲလိုက်သူငယ်ချင်းအချို့က သူ့ကိုခေါ်၍ အမဲလိုက်ကြသည်။ ပတ်ဝန်းကျင်၏ အလှကိုခံစားရင်း သူသည် တစ်ခဏတာ သူ့ဒဏ်ရာကို မေ့နေခဲ့သည်။ ဤအတွေ့အကြုံသည် သူ့အား အတွင်းစိတ်ဝေဒနာကို ကုစားပေးခဲ့ပြီး၊ အခြားသူများအား သူ့နည်းတူ အလားတူ အတွေ့အကြုံကို ပံ့ပိုးပေးရန်ဟူသည့် သူ့ဘဝအတွက် ရည်ရွယ်ချက်အသစ်ကို လှုံ့ဆော်ပေးခဲ့သည်။ သို့နှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် ‘Hunt 2 Heal’ (ကုစားရန် အမဲလိုက်ခြင်း) မှတစ်ဆင့် သူ့ရည်ရွယ်ချက် အကောင်အထည်ပေါ်လာသည်။ သူ၏မတော်တဆမှုသည် “ရုပ်ဖျက်ထားတဲ့ ကောင်းချီးတစ်ခုဖြစ်တယ်။ အခု ကျွန်တော်…

အ‌စေခံရန် စိန်ခေါ်မှု

DeAvion (ဒီအာဗီယန်)သည် အသက် (၁၃) နှစ်သာ ရှိသေးသော်လည်း အခြားသူများကို အစေခံရန် စိန်ခေါ်မှုတစ်ရပ်ကို လက်ခံလိုက်သည်။ နွေရာသီအားလပ်ချိန်အတွင်း မြက်ခင်း (၅၀) ကို အခမဲ့ရိတ်ပေးရန် ဖိတ်ခေါ်သည့် အမျိုးသားတစ်ဦးအကြောင်းကို သူနှင့်သူ၏အမေတို့ ကြားခဲ့ဖူးသည်။ သူတို့၏ ရည်မှန်းချက်မှာ စစ်မှုထမ်းဟောင်းများ၊ တစ်ကိုယ်ရေမိခင်များ၊ မသန်စွမ်းသူများ (သို့) အကူအညီလိုအပ်နေသူများကို ကူညီထောက်ပံ့ရန်ဖြစ်သည်။ ထိုအစီအစဥ်ကို စတင်တည်ထောင်သူ (ပြည်နယ် ၅၀ တွင် မြက်ခင်း ၅၀ ကို ရိတ်ခဲ့သူ)သည် အလုပ်ကျင့်ဝတ်၏အရေးကြီးပုံကို သင်ကြားပေးပြီး လူမှုအဖွဲ့အစည်းသို့ ပြန်လည်ပေးဆပ်ရန် စိန်ခေါ်မှုကို ဖန်တီးခဲ့သည်။ အပူရှိန်နှင့် နွေရာသီတွင် ဆယ်ကျော်သက်တစ်ဦး လေ့လာလိုက်စားနိုင်သည့် အခြားသောလှုပ်ရှားမှုအခွင့်အလမ်းများရှိသော်လည်း ဒီအာဗီယန်သည် အခြားသူများကို ဝန်ဆောင်မှုပေးရန် ရွေးချယ်ခဲ့ပြီး စိန်ခေါ်မှုကို ပြီးမြောက်လုပ်ဆောင်ခဲ့သည်။

ဝန်ဆောင်မှုပေးရန် စိန်ခေါ်မှုသည် သခင်ယေရှုကို ယုံကြည်သူများထံသို့လည်း ရောက်လာပါသည်။ လူသားအားလုံးအတွက် အသေခံမည့်…

တစ်ယောက်တည်းဖြစ်နေလား

Sue (စူး)၏မိသားစုသည် သူမမျက်စိရှေ့တွင်ပင် ပြိုကွဲသွားသည်။ ခင်ပွန်းသည် ရုတ်တရက် အိမ်မှထွက်သွားပြီး သူမနှင့်သားသမီးများသည် စိတ်ရှုပ်ဒေါသထွက်နေကြသည်။ သူမနှင့်အတူ အိမ်ထောင်ရေးရာ ဆွေးနွေးတိုင်ပင်ရန်အတွက် အကြံပေးသူထံ သွားရောက်ရန် ခင်ပွန်းသည်အား တောင်းဆိုခဲ့သော်လည်း ပြဿနာများသည် သူမကြောင့်ဟုသာပြောပြီး ငြင်းဆိုခဲ့သည်။ သူဘယ်တော့မှ ပြန်လာမည်မဟုတ်ကြောင်း သူမသိလိုက်ချိန်တွင် ကြောက်စိတ်ဝင်ကာ မျှော်လင့်ချက်မဲ့မှုများ ဖြစ်ပေါ်လာသည်။ သူ့ကိုယ်သူနှင့်သားသမီးများကို သူတစ်ယောက်တည်း ပြုစုနိုင်ပါမည်လား။

အာဗြဟံနှင့် စာရာ၏ကျွန်မ ဟာဂရသည်လည်း ထိုအတွေးမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ သူတို့အား ကတိတော်အတိုင်း သားယောကျ်ားကိုပေးမည့် ဘုရားသခင်အား စိတ်မရှည်ဘဲ (က ၁၂၊ ၁၅)၊ စာရာသည် ဟာဂရအား ခင်ပွန်းဖြစ်သူကို ပေးခဲ့ပြီး၊ ဟာဂရသည် ဣရှမေလကို မွေးဖွားခဲ့သည် (၁၆:၁-၄၊၁၅)။ သို့ရာတွင် ဘုရားသခင်သည် သူ၏ကတိတော်ကို ပြည့်စုံစေပြီး၊ စာရာသည် ဣဇာက်ကို မွေးဖွားသောအခါ၊ မိသားစုအတွင်း တင်းမာမှုများဖြစ်ပေါ်လာပြီး အာဗြဟံသည် ဟာဂရကို…

ကျွန်ုပ်တို့သည် သူစိမ်းများသာ

နိုင်ငံအသစ်တွင် ဘာသာစကားအသစ်၊ ကျောင်း၊ ဓလေ့ထုံးစံ၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ရာသီဥတု အားလုံးသည် ပြောင်းရွှေ့လာသူတို့အတွက် သိသိသာသာ ကွဲပြားပါသည်။ သူတို့ မည်ကဲ့သို့ ကျင့်သားရအောင် ညှိယူရမည်နည်း။ အနီးနားရှိ အသင်းတော်မှလူများက နယ်မြေသစ်တွင် သူတို့ဘဝအသစ်စတင်ရာ၌ ကူညီပေးခဲ့ကြသည်။ ပက်တီသည် ဇနီးမောင်နှံနှစ်ဦးကို ဒေသထွက် အစားအစာများရောင်းချသောဈေးသို့ ဈေးဝယ်ထွက်ရန် ခေါ်သွားပြီး ရနိုင်သည့်အရာများနှင့် ပစ္စည်းများ မည်သို့ဝယ်ယူရမည်ကို ပြသခဲ့သည်။ စျေးကိုလှည့်ပတ်ကြည့်ရင်း သူတို့နှစ်သက်သည့် မွေးရပ်မြေမှအသီးအနှံ သလဲသီးများကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်လာပြီး အားပါးတရ ပြုံးလိုက်ကြသည်။ သူတို့ကလေးများအတွက် တစ်လုံးစီဝယ်ခဲ့ပြီး ကျေးဇူးတင်သည့်အနေနှင့် ပက်တီ၏လက်ထဲသို့ တစ်လုံးထည့်ပေးသည်။ သစ်သီးလေးနှင့် မိတ်ဆွေအသစ်များသည် သူတို့နှင့်တစ်စိမ်းဆန်လှသော နယ်မြေသစ်၌ ကြီးမားသော နှစ်သိမ့်မှုကို ဖြစ်စေပါသည်။

ဘုရားသခင်သည် မောရှေအားဖြင့် သူ၏လူမျိုးတော်တို့အား ပေးသည့် ပညတ်တော်များတွင် ဧည့်သည်အာဂန္တုများကို “ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်” ဟူသည့် ပညတ်တော်ပါ၀င်ခဲ့သည်…

ကိုယ်ကို ကိုင်းညွတ်လျက်

သူ့ခြေထောက်ငယ်ငယ်လေးများနှင့် နင်းနိုင်သမျှအမြန်ဆုံး စက်ဘီးနင်းနေသည့် သမီးလေးနောက်၌ ငယ်ရွယ်သည့်မိခင်တစ်ဦးက လိုက်ပါနေသည်။ သို့သော် လိုသည်ထက် အရှိန်များသွားသောအခါ သမီးလေးသည် စက်ဘီးပေါ်မှပြုတ်ကျကာ ခြေကျင်းဝတ်နာသွား၍ ငိုတော့သည်။ သူ့မေမေလည်း အလျင်အမြန် ဒူးထောက် ထိုင်ချကာ ကိုယ်ကိုကိုင်းညွတ်လျက် နာနေသည့်နေရာကို အနမ်းပေးပြီး “နာကျင်မှုကို လွှင့်ပါးသွားစေသည်။” တကယ် အလုပ်ဖြစ်ပါသည်။ သမီးလေးက ထခုန်လိုက်ပြီး စက်ဘီးပေါ်ပြန်တက်ကာ ဆက်နင်းသွားတော့သည်။ ကျွန်ုပ်တို့၏နာကျင်မှု မှန်သမျှ ယင်းကဲ့သို့ အလွယ်တကူ လွှင့်ပါးသွားရန် သင်မတောင့်တမိသလော။

တမန်တော်ရှင်ပေါလုသည် သူ၏ ဆက်တိုက်ရုန်းကန်နေရမှုများထဲ၌ ဘုရားသခင်၏နှစ်သိမ့်သက်သာစေမှုကို တွေ့ကြုံခံစားခဲ့ရသည်။ ရိုက်ပုတ်ခြင်း၊ ကြိမ်နှင့်ရိုက်ခြင်း၊ ခဲနှင့်ပစ်ခြင်း၊ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ အသင်းတော်များအတွက် စိုးရိမ်ရခြင်းစသည့် စစ်ကြောမှုအချို့ကို ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၁၁:၂၃-၂၉ ၌ စာရင်းပြုစုထားသည်။ ဘုရားသခင်သည် “သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” ဖြစ်ကြောင်း (၁:၃) သူအကျွမ်းတဝင် သိရှိခဲ့သည်။ အခြားကျမ်းမူကွဲတစ်ခုတွင်…

လက်တွေ့လုပ်ဆောင်သော ယုံကြည်မှု

၂၀၂၁ ခုနှစ် ဇွန်လညနေခင်း၌ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီး ရပ်ကွက်တစ်ခုတွင် မိသားစုတစ်စု၏စပါးကျီကြီး ပျက်စီးသွားသည်။ စပါးကျီသည် ၁၈၀၀ ခုနှစ်နှောင်းပိုင်းကတည်းက မိသားစုပိုင်စည်းစိမ်ဖြစ်သောကြောင့် ဝမ်းနည်းဖွယ် ဆုံးရှုံးမှုတစ်ခုဖြစ်သည်။ နောက်တစ်နေ့နံနက်တွင် ဂျွန် နှင့် ဘာဘ် တို့သည် ဘုရားကျောင်းသို့ သွားရန်ကားမောင်းလာရင်း အပျက်အစီးများကိုမြင်ပြီး မည်သို့ကူညီရမည်နည်း ဟု တွေးလျက် ကားရပ်ပြီး စနည်းနာကြည့်ရာ၊ အပျက်အစီးများကို ရှင်းလင်းရန် အကူအညီလိုနေကြောင်း သိရှိခဲ့သည်။ သို့နှင့် ကားကိုပြန်လှည့်ကာ အိမ်ပြန်အဝတ် အစားလဲပြီး မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သော အမှိုက်သရိုက်များကို ကူညီရှင်းလင်းပေးရန်အတွက် တစ်နေ့တာအချိန်ပေးခဲ့ကြသည်။ ထိုမိသားစုကို အကူအညီပေးခြင်းဖြင့် သူတို့၏ယုံကြည်ခြင်းကို သူတို့လက်တွေ့ အကောင်အထည်ဖော်ခဲ့သည်။

“အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏” (ယာ ၂:၂၆) ဟု ရှင်ယာကုပ် ပြောခဲ့သည်။ သူက မည်သည့်နေရာသို့သွားနေမှန်း မသိသော် လည်း နာခံမှုဖြင့် ဘုရားသခင်နောက်သို့လိုက်သူ အာဗြဟံအား…

ဘုရားသခင်ကိုချစ်ပြီး အမှီပြုအားကိုးပါ

ဇက်ခ်သည် ထက်မြက်၊ လူကြိုက်များပြီး ဟာသဉာဏ်ရွှင်သူဖြစ်သည်။ သို့သော် သူသည် စိတ်ဓာတ်ကျခြင်း ဝေဒနာနှင့် လူမသိသူမသိ ရုန်းကန်တိုက်နေခဲ့ရပြီး၊အသက် (၁၅)နှစ် တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ သူ၏မိခင် လိုရီ က “ဘဝရဲ့စိတ်လှုပ်ရှားဖွယ်ရာများစွာရှိတဲ့သူအနေနဲ့ သူဒီအခြေအနေအထိ ဘယ်လိုဖြစ်သွားတာလဲဆိုတာ နားလည်ရခက်လို့နေပါတယ်။ သေကြောင်းကြံစည်မှုက ဇက်ခ်ကိုလည်း အလွတ်မပေးခဲ့ဘူး” ဟု ပြောပြသည်။ လိုရီသည် သူမ၏ဝမ်းနည်းကြေကွဲမှုကို ဘုရားသခင်ထံ တိတ်တဆိတ်သွန်းလောင်းခဲ့ရချိန်များလည်း ရှိခဲ့သည်။ သေကြောင်းကြံစည်မှုဖြစ်ပြီးနောက် နက်နက်ရှိုင်းရှိုင်းဝမ်းနည်းရသည်မှာ “နောက်ထပ် ပူဆွေးမှုအဆင့်တစ်ခုလုံးဖြစ်သည်”ဟု သူမက ဆိုသည်။ သို့သော် လည်း သူမနှင့်မိသားစုသည် ဘုရားသခင်နှင့်အခြားသူများပေါ် အားကိုးတတ်ရန် သင်ယူခဲ့ကြပြီး ယခုအခါ စိတ်ဓာတ်ကျမှုနှင့် နပန်းလုံးနေရသူများကို ချစ်တတ်ရန် သူတို့၏အချိန်များကို အသုံးပြုနေကြသည်။

သို့နှင့် “ချစ်ခြင်းနှင့်အားကိုးခြင်း”သည် လိုရီ၏ ဘဝဆောင်ပုဒ်ဖြစ်လာသည်။ ဤအတွေးအခေါ်မျိုးကို ဓမ္မဟောင်းကျမ်းမှ ရုသဝတ္ထုတွင်လည်း တွေ့ရသည်။ နောမိသည် ခင်ပွန်းနှင့်သားနှစ်ယောက်ကို ဆုံးရှုံးခဲ့ရသည်…